
ထားဝယ်တွင် ဗုံလုံသီး (ပဲလင်းမြွေသီး)များ စတင်ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ ဗုံလုံသီးသည် သခွား၊ ဗူး၊ ဖရုံတို့လို အနွယ်ပင်ဖြစ်၍ မိုးရာသီတွင်ထွက်ပေါ်လေ့ရှိပြီး ယခုအခါ ရေလောင်း၍စိုက်ပျိုးကြသည်။ ထားဝယ်မြို့အနီးဝိုက်ရှိ ခြံများတွင်စိုက်ပျိုးကြပြီး နီးစပ်ရာဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ထိုအသီးသည် အပေါ်ယံအလွှာကို ဓားနှင့်ခြစ်ပြီး အရွယ်တော်အတုံးလေးများတုံး၍ အလယ်အူတိုင်ကိုထုတ်ပြီး ကြက်သား (သို့) ပုစွန်ခြောက်ကို ထောင်းပြီး အစာသွပ်ချက်စားလျှင် အလွန်ကောင်းသည့် ဟင်းလျာတစ်မျိုး ဖြစ်ပါသည်။ ဗုံလုံသီးတွင် ဗီတာမင်နှင့် သတ္တုဓါတ်များပါသဖြင့် စားသုံးပေးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။
ဗုံလုံသီး(ပဲလင်းမြွေသီး)ကို တစ်တောင့်လျှင် ၅၀၀ ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချလျှက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရပါသည်။
DOCA(တနင်္သာရီ)