ထားဝယ်မြို့ရှိရွှေဖရုံသီးစျေးနှုန်း/စျေးကွက်

Powered by Drupal

        ရွှေဖရုံသီး၏အ‌ရောင်သည် ရွှေရောင်ကဲ့သို့ ဝင်းဝါနေပြီး အရသာ အနည်းငယ်ချိုသည်။ ရွှေဖရုံသီး၏အသားသည် မချက်ပြုတ်မီ အလွန်မာကျောသော်လည်း  အပူပေးချက်ပြုတ် ပြီးနောက် အင်မတန်နူးညံ့သည်။ အသီးသာမက အပင်၏အရွက်၊ အညွန့်၊ အပွင့်နှင့်အစေ့တို့ကိုလည်း စားသုံးနိုင်သည်။ ထားဝယ်မြို့ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ကွင်း စိုက်ပျိုးခြံများတွင် စိုက်ပျိုး၍ထွက်ရှိလာသောအသီးများကို ကုန်စိမ်းသည်များသို့ ဖောက်သည်ပေးကာ ထိုမှတဆင့် အနီးအနားရှိဈေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ရွှေဖရုံသီးအသေးတစ်လုံးလျှင်(၁၅၀၀) ကျပ်ရှိပြီး အကြီးတစ်လုံးလျှင်(၂၅၀၀)ကျပ်ရှိကြောင်း ကုန်စိမ်းသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)