ထားဝယ်ဒေသထွက်ရာသီပေါ်ပန်းဂေါ်ဖီ(ပန်းမုန်လာ)ဈေးနှုန်း/ဈေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ဆောင်းရာသီဟင်းသီး ဟင်းရွက် စိုက်ခင်းများမှ ပန်းဂေါ်ဖီ(ပန်းမုန်လာ)များ ပေါ်ချိန်ဖြစ်၍ စိုက်ပျိုးသူတောင်သူများ  ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်း သိရှိရပါသည်။ ရာသီပေါ်ပန်းဂေါ်ဖီသည် အအေးကြိုက်သော်လည်း အပူဒဏ်ကို ခံနိုင်ရည်ရှိပြီးခြောက်သွေ့လွန်းလျှင်လည်း ပန်းဂေါ်ဖီအပွင့် ဖြစ်မလာနိုင်ပါ။ ထို့ကြောင့် ပန်းဂေါ်ဖီစိုက်လျှင် မြေအမျိူးအစားထက် ရာသီဥတုက ပိုအရေးကြီးပါသည်။

    ယခုအချိန်တွင် ပန်းဂေါ်ဖီများဖူးပွင့်ကာ ဆွတ်ခူးရောင်းချနေကြပြီး တစ်ပွင့်လျှင် (၂၀၀၀) ကျပ်၊(၂၅၀၀)ကျပ်နှုန်းဖြင့် စိုက်ခင်းများထိ ကုန်စိမ်းဒိုင်ကိုယ်စားလှယ်များ  လာရောက်ဝယ်ယူလျက်ရှိ၍ ပန်းဂေါ်ဖီဈေးတက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)