
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် သီးစုံဥယျာဉ်ခြံများတွင် နာနတ်သီးကို သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှုများ လုပ်ကိုင်လျက်ရှိကြပါသည်။
နှစ်စဉ်ဧပြီလနှင့် မေလများတွင် သီးများစတင်ထွက်ရှိသော်လည်း ထွက်ရှိမှုနည်းသဖြင့် ဈေးကောင်းများ ရရှိကြပါသည်။ နာနတ်သီးအကြီးတစ်လုံးလျှင် ယခုအချိန်တွင် (၁၂၀၀) ကျပ်မှ (၁၅၀၀) ကျပ်အထိ ရရှိပြီး အလတ်စားအရွယ်တစ်လုံးလျှင် (၈၀၀) ကျပ်မှ (၁၀၀၀) ကျပ်ထိ ရရှိကြပါသည်။ မေလနှင့် ဇွန်လများတွင် နာနတ်သီးလှိုင်လှိုင်ထွက်သဖြင့် ဈေးများ အနည်းငယ်လျော့ကျသော်လည်း အလုံးကြီး တစ်လုံးလျှင် (၈၅၀) ကျပ်၊ အလတ်စားတစ်လုံး လျှင် (၇၀၀) ကျပ်ဖြင့် သီးနှံစုံဝယ်ယူသည့် ဒိုင်များမှ ဝယ်ယူကြပြီး ခြင်းများဖြင့်ထည့်ကာ မော်လမြိုင်၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း နာနတ်သီးကုန်သည်များထံမှ သိရှိရပါသည်။
DOCA (မွန်)