ထားဝယ်ဒေသထွက်ကြက်ဟင်းခါးသီးစျေးနှုန်းအခြေအနေ

Powered by Drupal

       ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းနှင့် လယ်မြေများတွင် သီးပင်စားပင်များစိုက်ပျိုးထားရှိရာ ကြက်ဟင်းခါးပင်များကိုလည်း စိုက်ပျိုးထားပါသည်။ ကြက်ဟင်းခါးသီးကို မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး အချိန်မှစ၍ (၇၅) ရက်ခန့်တွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ဆွတ်ခူးပြီးသောအသီးများကို စည်ပင်သာယာစျေးကြီး အတွင်းရောင်းချကြပါသည်။

       ကြက်ဟင်းခါးသီးတစ်လုံးလျှင် (၅၀၀)ကျပ်ရှိပြီး တောင်သူများတွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)