ဒေသထွက်ကုန် ဒူးရင်းသီးများဈေးကောင်းရရှိ

Powered by Drupal

      မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်မှ မေလအတွင်း ထွက်ရှိသည့် ဒူးရင်းသီးများမှာ အဝယ်လိုက်၍ ရောင်းချရာတွင် ခြံရှင်များ ဈေးကောင်းရရှိပါသည်။ ဒူးရင်းသီး သီးနှံမှာ နှစ်ရှည်ပင်ဖြစ်ခြင်းကြောင့် ခြံမြက်ရှင်းခြင်းသာရှိသဖြင့်ကုန်ကျစရိတ်သက်သာပြီး ခူးဆွတ်ရန် မလိုဘဲ ကြွေကျသည့် အသီးများကို စုပုံသယ်ယူရောင်းချရသော သီးနှံမျိုးဖြစ်ပါသည်။ ယခု ဧပြီလနှင့်မေလတွင် ထွက်သောရောင်းတန်းဝင် အသီးတစ်လုံးလျှင် (၃၀၀၀၀) ကျပ်ခန့် ရရှိပြီး ခြံအရောက်ကုန်သည်များ လာရောက်ဝယ်ယူခြင်း၊ ခြံရှင်များမှ သီးနှံအဝယ်ဒိုင်များကို တိုက်ရိုက်ရောင်းချခြင်း၊ အွန်လိုင်းစနစ်ဖြင့် ပြည်နယ်အတွင်း မြို့နယ်များနှင့် ရန်ကုန်၊ မန္တ‌လေးတိုင်းများသို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။ တစ်နှစ်တင်ပို့သည့် အရေအတွက်မှာ လုံးရေ (၅) သိန်းခန့်ရှိပြီး အလတ်စား ဒူးရင်းသီးများကို ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး သို့တင်ပို့‌ရောင်းချကာ ရောင်းတန်းမဝင်အသီးများကို ဒူးရင်းယိုထိုး၍ ရောင်းချခြင်းများ ရှိကြောင်း ဒူးရင်းခြံရှင်များထံမှ သိရှိရပါသည်။

DOCA (မွန်)