မိတ္ထီလာမြို့ စိုက်ပျိုးရေးထွတ်ကုန် တိရိစ္ဆာန်အစာဈေးနှုန်း၊ဈေကွက်အခြေအနေ

Powered by Drupal

 မိတ္ထီလာမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် တစ်နိုင် တပိုင်မွေးမြူရေးလုပ်ငန်းများလည်းလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များမှ ထုတ်လုပ်သည့်ပစ္စည်းများကို ဒေသတွင်းမွေးမြူသည့် နွား၊ဆိတ်၊ ကြက်၊ ဝက် အစရှိသည့် မွေးမြူရေး လုပ်ငန်းများ၌ တိရိစ္ဆာန်အစာအဖြစ်အသုံးပြုကြပါသည်။

 ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များမှ ထုတ်လုပ်သည့် တိရိစ္ဆာန်အစာဈေးနှုန်းများမှာ ပဲဖတ်အခွံပါ တစ်ပိဿာလျှင် (၃၃၀၀)ကျပ် ၊ ပဲဖတ်အသန့် တစ်ပိဿာလျှင် (၇၄၀၀)ကျပ် ၊ ဝါဖတ်အပွဖတ် တစ်ပိဿာလျှင် (၂၃၀၀)ကျပ် ၊ ဝါဖတ်အကျစ်ဖတ် တစ်ပိဿာလျှင် (၂၅၀၀)ကျပ် ၊ နှမ်းဖတ် တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ၊ ပဲခွံ တစ်ပိဿာလျှင် (၁၇၅၀) ကျပ် ၊ ဆန်ဖွဲနု(ရှယ်) (၁၈)ပိဿာတစ်အိတ်လျှင် (၂၇၀၀၀)ကျပ် ၊ ဆန်ဖွဲနု (၁၈)ပိဿာတစ်အိတ်လျှင် (၂၁၀၀၀)ကျပ် ၊ ဆန်ဖွဲနုကြမ်း (၁၈)ပိဿာတစ်အိတ်လျှင် (၇၀၀၀)ကျပ် ၊ ဆန်ကွဲ (၂၇)ပိဿာ တစ်အိတ် လျှင် (၄၈၅၀၀)ကျပ် ၊ ပြောင်းဖူးစေ့ (၂၅ပိဿာ)တစ်အိတ်လျှင် (၅၁၀၀၀)ကျပ် ၊ ပြောင်းဖူးစေ့အခြမ်း (၂၅ပိဿာ)တစ်အိတ်လျှင် (၅၀၀၀၀)ကျပ် ၊ ပြောင်းဖူးမှုန့်  (၂၅ပိဿာ)တစ်အိတ်လျှင် (၅၀၀၀၀) ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

  ဈေးကွက်အနေဖြင့် ပဲဖတ် ၊နှမ်းဖတ် ၊ဝါကြိတ်ဖတ်၊ ဆန်ကွဲ၊ ဆန်ဖွဲနု၊ ဆန်ဖွဲနုကြမ်းများ ကို ဒေသတွင်းမွေးမြူရေးလုပ်ငန်းများအပြင် ရမည်းသင်း၊ ပျော်ဘွယ်၊ တောင်သာ၊ ကျောက်ပတောင်း၊ အောင်ပန်း၊လွိုင်ကော်မြို့များသို့တင်ပို့ရောင်းချကြပြီး ဒေသတွင်းထွက်ရှိမှုမရှိသည့် ပြောင်းကို တောင်ကြီး၊ရွှေညောင်မြို့များမှ တင်သွင်းရောင်းချကြကြောင်း တိရိစ္ဆာန်အစာရောင်းဝယ်ရေး လုပ်ငန်းများမှသိရှိရပါသည်။

DOCA(မန္တလေး)