
မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီးများ ဝင်ရောက်လျှက်ရှိပါသည်။ ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်တို့မှ ဝင်ရောက်လျှက်ရှိပါသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုး များကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ယခုအခါ ဒေသထွက်ခရမ်းချဉ်သီးများ ထွက်ပေါ် ခြင်းမရှိဘဲ ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်) အင်းသီးများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဇန်နဝါရီ လအတွင်း၌ ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်) အင်းသီး တစ်ပိဿာလျှင်(၃၀၀၀/၄၀၀၀)ကျပ်၊ ထိုင်ဝမ်သီး တစ်ပိဿာလျှင်(၂၅၀၀/၃၅၀၀)ကျပ်၊ ဗမာခရမ်း ချဉ်သီးတစ်ပိဿာလျှင်(၃၀၀၀/၄၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ဖေဖော်ဝါရီ နောက်ဆုံး အပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းများ သိသိသာသာကျဆင်းသွားခဲ့ပြီး ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးရှမ်းသီး (ခေါ်)အင်းသီး တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာ လျှင်(၁၀၀၀/၁၂၀၀) ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၂၀၀/၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိခဲ့ ပါသည်။ မတ်လဆန်းပိုင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်လက်ကျဆင်း ခဲ့ပြီး ခရမ်းချဉ်သီးရှမ်းသီး(ခေါ်) အင်းသီးတစ်ပိဿာလျှင် (၁၂၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၈၀၀/၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိခဲ့ပါသည်။ ယခုအခါ သင်္ကြန် အခါအပြီးတွင် ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ်ပြန်လည် မြင့်တက်ခဲ့ပြီး ခရမ်းချဉ်သီးရှမ်းသီး(ခေါ်) အင်းသီးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာ လျှင်(၁၈၀၀/၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိ ရသည်။
DOCA(မန္တလေး)