
၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်တွင် ရာသီစာဟင်ရွက်တစ်မျိုးဖြစ်သည့် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် မန်ကျည်းရွက်နုများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
မန်ကျည်းပင်သည် အသီး၊ အရွက်၊ အခေါက်စသည်ဖြင့် တစ်ပင်လုံးအသုံးဝင်ပြီး ယခုလို နွေအကုန် မိုးအကူးရာသီတွင် မန်ကျည်းရွက်နုများကို အသုပ်သုပ်၍ဖြစ်စေ၊ ဟင်းရည်ချက်၍ဖြစ်စေ စားသုံးပေးပါက ခံတွင်းတွေ့ပြီးထမင်းမြိန်စေကာ ကျန်းမာရေးကိုလည်း အထောက်အကူပြုစေပါသည်။
မန်ကျည်းရွက်နု ဈေးနှုန်းမှာ မန်ကျည်းရွက်နု လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်း၊ မန်ကျည်းရွက်နု လက်လီဈေးနှုန်တစ် (၁၀) သားလျှင် (၆၀၀၊၇၀၀) ကျပ်နှုန်း တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)