ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချလျက်ရှိသော သံပုရာသီး ဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက် များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြသလို မန္တလေးမြို့တို့မှလည်း မှာယူရောင်းချကာ ယခုလို နွေရာသီတွင် သံပုရာသီး အနည်းငယ်ရှားပါးသည့်အတွက် ဈေးကွက်အတွင်း ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          သံပုရာသီးသည် လူသားများ၏ နေ့စဉ်အသုံးပြုမှုတွင် မဖြစ်မနေ အရေးပါသော အသီးတစ်မျိုး လည်းဖြစ်သလို အားကစားသမားများအတွက်လည်း မဖြစ်မနေအသုံးပြုရခြင်းဖြစ်ပါသည်။ သံပုရာသီး ကို နေ့စဉ် ချက်ပြုစားသုံးရာတွင် မဖြစ်မနေအသုံးပြုယုံသာမက မုန့်ဟင်းခါးဆိုင်၊ အာပူလျှာပူဆိုင်များ ကြာဆံဟင်းခါးဆိုင်များတွင် မဖြစ်အနေအသုံးပြုသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ကြောင်း သံပုရာသီးရောင်းချသူထံမှ သိရသည်။

          ယခင် ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ရောင်းချ နေသော သံပုရာသီး အလုံးအကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး အကြီး(၁)လုံးလျှင် (၃၀၀/၂၅၀) ကျပ်နှင့် သံပုရာသီး အသေးတစ်လုံးလျှင်(၁၅၀/၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော သံပုရာသီး အလုံးအကြီး /အသေး ပေါ်မူတည်၍ သံပုရာသီး အကြီး(၁)လုံးလျှင်(၂၀၀/၂၅၀)ကျပ်နှင့် သံပုရာသီး အသေးတစ်လုံးလျှင်(၁၅၀/၁၀၀)ကျပ်ဈေးနှုန်းဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် သံပုရာသီးများ လှိုင်လှိုင်ပေါ လာသည့်အတွက် ယခင်အပတ်ထက် ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် သံပုရာသီး ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)