ဘားအံမြို့၏ ကော့လုံမျှစ် ဈေးနှုန်း

Powered by Drupal

      ကရင်ပြည်နယ် ကော့လုံဒေသထွက် မျှစ်ချို (ဝါနွယ်မျှစ်)များသည် နှစ်စဉ် မိုးဦးကျ မေလ နှောင်းပိုင်းတွင် စတင်ထွက်ပေါ်လေ့ရှိပြီး ဩဂုတ်လတွင် မျှစ်ချိုရာသီကုန်ဆုံးလေ့ရှိသည်။ ယခုနှစ်မှာ တော့မေလလယ်၌ပင် ကရင်ပြည်နယ် ကော့လုံဒေသထွက်မျှစ်များ ပေါ်နေပြီးဖြစ်သည်။ ပေါ်ဦးပေါ်ဖျား ကော့လုံးဒေသထွက်မျှစ်ကို ဘားအံမြို့ရေပေါ်ဈေးတွင်လာရောက် ရောင်းချကြသည်။ မျှစ်သည် ဝါပင်ရက်သတ္တနှစ်ပတ်သား မတိုင်ခင် ဝါပင်ပေါက်အရွယ်မှချိုးယူ၍ မျှစ်အဖြစ် စားသောက်ခြင်း၊ မျှစ်ကို ပြု၍ငပိရည်ငရုတ်သီးစပ်စပ်ဖြင့် တို့မြှုပ်၍စားသုံးနိုင်တကဲ့သို့ တာရှည်ခံအောင်ထား၍ အမျိုးမျိုးပြုလုပ် စားသုံးကြပါသည်။ ပေါ်ဦးပေါ်ဖျား ကော့လုံးဒေသထွက်မျှစ်၏ ဈေးနှုန်းမှာ ၁ ပိဿာလျှင် (၁၀၀၀၀) ကျပ် မှ ၁ ပိဿာလျှင် (၁၃၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)