လူတိုင်းကြိုက်နှစ်သက်သည့်ရာသီစာ အင်ဥ

Powered by Drupal

    မိုးဦးကျချိန်တွင် မြန်မာလူမျိုးအများစုကြိုက်နှစ်သက်သည့် ရာသီစာအင်ဥများ ထွက်ပေါ်လာပြီး ဖြစ်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင် အင်ဥများ လာရောက်ရောင်းချကြသည် ကိုတွေ့ရသည်။

    အင်ဥသည် မိုးဦးကျရာသီတွင် ထွက်ပေါ်လေ့ရှိပြီး စားလိုက်လျှင် အထုတ်ထုတ်နှင့် အင်မတန် စားကောင်းသော စားစရာတစ်မျိုးဖြစ်သည်။ အင်ဥဆို၍ အင်မင်မှဥသည်ဟုထင်မြင်ယူဆ စရာဖြစ်သောလည်း ဤသို့မဟုတ်ပါ အင်ပင်မှကြွေကျသော အင်ရွက်များမိုးရေထိတွေ့ရာမှ ပေါက် လာသော မြေအောင်းမှို အမျိုးအစားတစ်မျိုးပင်ဖြစ်သည်။

   အင်ဥတွင်အပြင်အခွံမည်နေပြီး အတွင်းပိုင်းဖြူအင်ဥနှင့် အတွင်းပိုင်းမည်းနေသောအင်ဥဟု နှစ်မျိုးခွဲခြားနိုင်ပါသည်။ ယခင်နှင့်အင်ဥပေါ်ချိန်ပေါက်ဈေးမှာ တစ်ဘူးလျှင် (၃၀၀၀)ကျပ်နှုန်းဖြစ်ပြီး ယခုနှစ် အင်ဥပေါ်ချိန်မျာ အင်၍ပေါက်ဈေး တစ်ဘူးလျှင် (၇၀၀၀၊ ၈၀၀၀)ကျပ်နှုန်းတို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အင်ဥအရောင်းဆိုင်ရှင်ထမ်မှ သိရသည်။

DOCA(ကရင်)