
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။
ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပင်စိမ်းပင်များကိုစိုက်ပျိုးကြကြောင်း၊ ပင်စိမ်းရွက်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ပင်စိမ်းရွက်(၁)စည်းလျှင်(၂၀၀)ကျပ်၊ ပင်စိမ်းရွက်(၃)စည်းလျှင် (၅၀၀)ကျပ်နှင့် ပင်စိမ်းရွက်(၇)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပင်စိမ်းရွက်များကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း ဝယ်ယူကြသဖြင့် ပင်စိမ်းရွက်များအရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)