မြို့မဈေးတွင် ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများဈေးနှုန်း

Powered by Drupal

   ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများမှာ ရန်ကုန်မြို့ မှမှာယူရောင်းချကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေး နှုန်းများမှာ ပုဇွန်ခြောက်(အချို)(၁)ပိဿာလျှင် (၉၅၀၀၀မှ၁၀၅၀၀၀)ကျပ်၊ ငါးပုတ်သင်ခြောက်(၁) ပိဿာလျှင်(၁၉၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၁၂၅၀၀၀)ကျပ်၊ မြီးဆံသွယ်ခြောက် (အချို)(၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ငါးနီတူခြောက်(၁)ပိဿာလျှင်(၂၁၀၀၀)ကျပ်၊ လသာခြောက် (အချို)(၁)ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ငါးရောင်ခြောက်(၁)ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ ပလာတူး ခြောက်(အချို)(၁)ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ အသားမျှင်ခြောက်(၁)ပိဿာလျှင် (၄၇၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ယခုအခါ အလှူအတန်းများပြုလုပ်ရာတွင် ရေထွက်ကုန်ပစ္စည်းများကို အသုံးပြု ကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကန့်ဘလူမြို့၊မြို့မဈေးအတွင်း ငါးခြောက်ရောင်း ချသည့် လုပ်ငန်းရှင်ထံမှသိရသည်။

DOCA(စစ်ကိုင်း)