“ကင်ပွန်းချဉ်ပင်စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် အညာဒေသဖြစ်သည့်အတွက် ရာသီပေါ် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ လာရောက်ရောင်းချလျှက်ရှိရာ မိုးတွင်းကာလတွင် ကင်ပွန်းချဉ်ပင်များမှ အရွက်အညွန့်များတလူလူနှင့်စတင်ထွက်ရှိပြီး ကင်ပွန်းချဉ်ပင်များကို အိမ်၏နောက်ဖေး မြေပိုမြေလွတ်များတွင် စနစ်တကျစိုက်ပျိုးထားကြပါသည် ။ ပူပြင်းသော ရာသီဥတုအချိန်အခါများ တွင် ကင်ပွန်းချဉ်ကို ဟင်းအရံအနေဖြင့် ဟင်းချိုအရည်ကျဲလေးချက်ပြုတ်၍ စားသုံးခြင်းဖြင့် အပူဒါဏ်ကိုလျော့စေပြီး ခံတွင်းမြိန်စေပါသည် ။ ကင်ပွန်းချဉ်ရွက်သာမက ကင်ပွန်းဥ၊အသီးပါ အသုံးဝင်ပါသည် ။ ကင်ပွန်းချဉ်ရွက်များကို (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပြီး (၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(မန္တလေး)