ဆိပ်ဖြူကြက်သွန်နီ မေလ(တတိယပတ်)တွင် ဈေးအေး၍ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်တွင် နေ့စဉ် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ မေလ(တတိယပတ်)တွင် ကြက်သွန်နီ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများသော ကပိုင်၊ ကံတွင်း၊ ဆင်လမ်း ချောင်း၊ ရေပုတ် ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှ ကုန်ချိန် ပိဿာ(၂)သောင်းခွဲခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မေလ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၃၅၀-၁၂၀၀-၁၀၀၀-၈၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်မေလ (ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးအေး၍အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း အရောင်းအဝယ်ဖြစ်သော လက်လီ ဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစား လိုက်၍ တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၁၈၀၀-၁၅၀၀-၁၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့် နောင် ပွဲရုံသို့ ကုန်ချိန် အများဆုံးတင်ပို့ပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မူဆယ်မြို့ ဝယ်လက်များ မှတစ်ဆင့် ထိုင်း၊ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ မေလ(တတိယပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ (၂)သိန်းခန့်၊ တန်ချိန်အားဖြင့် (၃၂၇)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း၊ ဒေသတွင်း စိုက်တောင်သူ များမှ ကြက်သွန်နီဈေးကျဆင်းခြင်းကြောင့် ရောင်းချမှုနည်း၍ ကုန်စည်ဒိုင်ဈေးကွက်သို့ မေလ (တတိယပတ်)တွင် ကုန်ချိန်ဝင်ရောက်မှုနည်းကြောင်း ဈေးကွက်မှသိရှိရသည်။

DOCA(မကွေး)