
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အလျောက် အပူပိုင်းဒေသတွင် ပေါက်ရောက်သော အညာဒေသတွင်သာရှိသော ဇောင်ဂျမ်းပင်မှ အသီးများကို ခူးယူ၍ အခွံသင်၊ အနေတော် ခါးလည်မှ လှီးဖြတ်ကာ ခြမ်းရကြောင်း ၊ ခြမ်းပြီးတော့ ဇွန်းလေးဖြင့် အလယ်ကဝိုက်ကာ အဆံကိုယူ၍ ကောက်ညှင်း ၊ ဆန်ဖြင့် သုံးရက်အချဉ်စိမ်ကာ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုလိုပူပြင်းသော နွေရာသီတွင် ထွက်ပေါ်သော ဒေသအစား အစာတစ်မျိုးဖြစ်ပြီး ဇောင်ဂျမ်းချဉ်(၁၀)ကျပ်သားလျှင်(၁၀၀၀/-)ကျပ်ဈေးရှိကြောင်း၊ ဇောင်ဂျမ်းပင်မှာ အလေ့ကျပေါက်သော အပင်ဖြစ်သောကြောင့် တောတောင်များမှ ခူးယူ၍ အိမ်ရှင်မများမှ မိသားစုအပိုဝင်ငွေရရှိအောင် အချဉ်စိမ်၍ နီးစပ်ရာဈေးများတွင် ဇလုံများထဲသို့ ထဲ့ကာ ကိုယ်တိုင် ရောင်းချကြသလို (၁၀)ကျပ်သားအထုပ်များထုပ်၍ ဖောက်သည်ပေးကြောင်း၊ ဖောက်သည် ဈေးအနေဖြင့် (၁၀)ကျပ်သားတစ်ထုပ်ကို (၈၀၀)ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ အရင်းအနှီးမလိုဘဲ အိမ်တွင်းပြုလုပ်ရောင်းချသောကြောင့် အိမ်ရှင်မများ ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)