“စျေးကောင်းရ၍ CP ဝက်မွေးမြူသူများအကျိုးအမြတ်ဖြစ်ထွန်း”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊  ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသော ဒေသတစ်ခုဖြစ်သည့်အလျှောက်စပါး၊ပဲ၊ပြောင်း၊ကြက်သွန်သီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော ဝက်မွေးမြူခြင်းလုပ်ငန်းကိုလည်းလုပ်ကိုင်လျှက်ရှိပါသည်။ဝက်မွေးမြူခြင်းဖြင့် ကျေးလက်နေ ဒေသ ပြည်သူများပုံမှန်ဝင်ငွေရရှိလျှက်ရှိကြောင်း ၊ ယခုအချိန်တွင် ဝက်သားစျေးများ ကောင်းမွန်သော ကြောင့်ဝက်မွေးမြူသူများ စီးပွားဖြစ်တွက်ခြေကိုက်လျက်ရှိကြောင်း၊အများဆုံးမွေးမြူသော ဝက်မျိုး မှာအသားတိုးဝက်(CP)မျိုးများကိုအများဆုံးမွေးမြူကြကြောင်း၊မွေးမြူရာတွင်စနစ်တကျ ကွန်ကရစ် ခင်း၍အမိုးအကာများဖြင့်သန့်ရှင်းသပ်ရပ်စွာမွေးမြူကြကြောင်း၊(CP)ဝက်မျိုး၊ဝက်ပေါက်တစ်ကောင် (၁)လခွဲ(၂)လသား ဝက်များကို (၄၀၀၀၀၀-၅၀၀၀၀၀)ကျပ်ဝန်းကျင်ခန့်ဝယ်ယူ၍မွေးရကြောင်း၊ Kg ဖြင့်ဝယ်ယူရာတွင် 1Kg တွင်(၃၀၀၀၀/-)ကျပ်ရှိပြီး Kgပေါ်မူတည်၍ စျေးပေးရကြောင်း၊(CP)ဝက်မျိုး များသည်မွေးမြူပြီး (၃-၄)လအကြာတွင် ရောင်းတန်းဝင်ဝက်များဖြစ်လာကြောင်း၊သက်တမ်းတို၍ စီးပွားဖြစ်မြန်ကြောင်း၊ (CP)ဝက် ၁၀ကောင်လျှင် အစာဖိုး(၁)ရက်လျှင်(၆၀၀၀၀/-)ကျပ်ခန့်ကုန်ကျ ကြောင်း၊(CP)ဝက်စာ တစ်ပိုင်းလျှင်(၉၀၀၀၀/-)ကျပ်ပေးရကြောင်း ၊ (၁)ကောင်မွေးမြူသူများအနေ ဖြင့်အစာတစ်ပိုင်းအိတ် တစ်အိတ်ဝယ်ထားလျှင် (၁)လခန့်အထိ ကျွေးနိုင်ကြောင်း ၊ အချိန်(၅၀)ရှိ ရောင်းတန်းဝင်ဝက်များကို စျေးကွက်သို့တင်ပို့ရောင်းချကြောင်း၊ဝက်ဝယ်ယူသူများအနေဖြင့် ဝက်ခြံ အထိလာရောက်ဝယ်ယူကြကြောင်း၊ဝက်စျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင်(၃၅၀၀၀/-)ကျပ်စျေးဖြင့် ရောင်းချရကြောင်း ၊ အချိန်(၅၀)အထက် (CP)ဝက် တစ်ကောင်လျှင်(၁၅-၁၆)သိန်းအထိ စျေးရရှိ ကြောင်း၊ ဝက်မွေးမြူမှုအကျိုးအမြတ်အနေဖြင့် (CP)ဝက် တစ်ကောင်လျှင် ဝက်ဖိုး(၄၀၀၀၀၀/-) ကျပ်၊အစာဖိုး(၇၀၀၀၀၀/-)ကျပ်နှုတ်ပြီးပါကယခင်ကတစ်ကောင်ကို(၃၀၀၀၀၀/-)ကျပ်သာမြတ်ခဲ့ရာ ယခုအချိန်တွင် ဝက်စျေးများကောင်းမွန်သဖြင့် (CP)ဝက် တစ်ကောင်လျှင်(၄၀၀၀၀၀-၅၀၀၀၀၀) ကျပ်အထိမြတ်ကြောင်း၊ဝက်မွေးမြူသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)