“ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘူးရွက်ဈေးနှုန်း”

Powered by Drupal

   ဘူးပင်များသည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး နုန်းမြေများတွင် ပိုမိုဖြစ်ထွန်းကြသည် ။ ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်ပြီးအအေးဒဏ်လည်းခံနိုင်ရည် ရှိပါသည်။ ကျောက်ဆည်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများသည် မိမိတို့လယ်ယာများနှင့် နေအိမ်များတွင် ဟင်းသီးဟင်းရွက်များ သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ဘူးပင်များကိုလည်း စိုက်ပျိုးထားကြပါ သည်။ ဘူးပင်များမှ ဘူးသီးများအပြင် ဘူးရွက်ညွန့်များလည်း ခူးဆွတ်နိုင်ပါသည်။ ခူးဆွတ်ပြီးသော ဘူးညွန့်များကို ရပ်ကွက်ဈေးသည်များအပြင် ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်ဈေးတို့တွင် လာရောက်ရောင်းချကြပါသည်။ဘူးညွန့်(၁)စီးလျှင်(၄၀၀-၅၀၀)ကျပ်နှုန်းထိ ရောင်းချရသောကြောင့် ဘူးစိုက်ပျိုးသော တောင်သူများ အကျိုးအမြတ်များဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေတိုးလျက်ရှိကြောင်း ဘူးစိုက်ပျိုးပြီး ဘူးရွက်ရောင်းချသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

DOCA(မန္တလေး)