
ယခုအချိန်အတွင် ပြည်ဈေးကွက်သို့ ဖလံတောင်ဝှေးများစတင်ဝင်ရောက်၍ ရောင်းချလျက်ရှိပါသည်။ ယခုလိုမိုးတွင်းကာလများတွင်သာ တွေ့ရသောရာသီစာ ဖလံတောင်ဝှေးပင်ကို အိမ်ရှင်မများက ပေါ်ဦးပေါ်ဖျားဝယ်ယူ၍ စားသောက်ကြသဖြင့် ပေါ်ခါစာတွင် ဈေးနှုန်းများ မြင့်တက် လာပြီး လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်းများကျဆင်းလာ၍ လူတကာဝယ်ယူ စားသုံးကြပါသည်။ ဖလံတောင်ဝှေးကို ချက်ပြုတ်စားသောက်ကြရာတွင် အပင်၏ရင့်သော အပိုင်းကို ဖဲ့ချွေပြီးနောက် ဖလံတောင်ဝှေးနုနုများကိုငရုတ်ကျည်ပွေ့ဖြင့် ထု၍ကျော်စားကြပါသည်။ ဖလံတောင်ဝှေး ကိုသူ့ ချည်းသက်သက်ကြော်စား၍လည်းကောင်း၊ အသားနှင့်ရော၍ ကြော်စား၍သော်လည်းကောင်း စားကြပါသည်။ ထို့ကြောင့်ဖလံတောင်ဝှေးကိုရာသီစာအဖြစ်လူကြိုက်များကြသဖြင့် ပေါ်ဦးပေါ်စ တွင်ဈေးမြင့်ပြီး (၅)ချောင်းပါတစ်စည်းလျှင် (၇၀၀)ကျပ်ဖြင့်ရောင်းချပြီး ယခုအချိန်တွင် ဖလံတောင်ဝှေးဝင်ရောက်မှုများလာသဖြင့် (၅)ချောင်းပါတစ်စည်းလျှင် (၂၀၀) ကျပ်ဖြင့် ပြည်ဒေသရှိဈေးများတွင်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
DOCA(ပဲခူး)