ဈေးနှုန်းမြင့်သော်လည်း အရောင်းအဝယ်ကောင်းနေသည့် ဒူးရင်းသီးဈေးကွက်

Powered by Drupal

   မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် (၂၀.၅.၂၀၂၅) ရက်နေ့ နေ့လယ်ပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဒူးရင်းသီးရောင်းချလျက်ရှိသော ဈေးဆိုင်တန်းများသို့ သွားရောက်၍ ဒူးရင်းသီး ရောင်းဝယ်ဖောက်ကားမှု၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား စုံစမ်းမေးမြန်း ခြင်းပြုလုပ်ခဲ့ကြောင်း သိရပါသည်။

   ထိုသို့ စုံစမ်းမေးမြန်းရာတွင် ဒူးရင်းသီးရောင်းချသူ ဆိုင်ရှင်တစ်ဦး၏ပြောကြားချက် အရ ဘီးလင်းမြို့နယ်၊ ဝင်းက၊ ယက္ကန်းသည်မ၊ မရမ်းကုန်း၊ အလူးလေးကျေးရွာများမှ ဒေသထွက်ဒူးရင်းသီးများအား ရောင်းချလျက်ရှိကြောင်း၊ ဒေသခံများနှင့် ဘုရားဖူးခရီးသွားများ အများအပြားဝယ်ယူမှုရှိကြောင်း၊ ဒူးရင်းသီးဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် အလုံးကြီး တစ်လုံး လျှင် (၅၀၀၀၀) ကျပ်၊ အလုံးလတ် တစ်လုံးလျှင် (၄၀၀၀၀) ကျပ်၊ အလုံးသေး တစ်လုံးလျှင် (၂၀၀၀၀) ကျပ်ခန့် ရောင်းချရကြောင်း ပေါ်ဦးပေါ်ဖျားရာသီဖြစ်သဖြင့် ယခင်နှစ်ထက် ဈေးမြင့်သော်လည်း အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)