
နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ ၊ မြို့မဈေး၊ အာရုံဈေးနှင့် ညဈေးတို့တွင် ငါးကြင်း ၊ ငါးခူ၊ ငါးရံ့ ၊ ငါးဖားမစသည့် ငါးများကိုရောင်းချလျှက်ရှိပါသည်။
၂၀၂၅ ခုနှစ် မေလ ဒုတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ရန်ကုန် ငါးကြင်း တစ်ပိဿာ (၂၃၀၀၀)ကျပ် ၊ ငါးကြင်းဖြူ တစ်ပိဿာ (၂၅၀၀၀)ကျပ် ၊ အင်းမငါးကြင်း တစ်ပိဿာ (၁၈၀၀၀) ကျပ် ၊ ငါးခူ တစ်ပိဿာ (၃၀၀၀၀)ကျပ် ၊ငါးရံ့ တစ်ပိဿာ (၂၅၀၀၀)ကျပ်၊ ငါးဖားမတစ်ပိသာ(၂၀၀၀၀)ကျပ်၊ ငါးကြင်းပေါက်တစ်ပိဿာ (၂၀၀၀၀)ကျပ်၊ ၊ ငါးကြင်းခြစ် တစ်ပိဿာ (၂၅၀၀၀)ကျပ် ၊ ငါးဖယ်ခြစ် တစ်ပိဿာ (၃၅၀၀၀)ကျပ် ၊ ငါးကျည်းတစ်ပိဿာ (၃၀၀၀၀)ကျပ်နှုန်းများဖြင့် ရောင်းချလျှက်ရှိပြီး ငါးမြင်း တစ်ပိဿာ ဈေးနှုန်းမှာ (၂၀၀၀၀)ကျပ်နှုန်းဖြစ်ပြီး ဧပြီလ နောက်ဆုံးပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တချို့ငါးဈေးနှုန်းများက ပြောင်းလဲမှုမရှိဘဲ ငါးကြင်းခြစ်နှင့် ငါးဖယ်ခြစ် ဈေးနှုန်းများမှာ မြင့်တက်နေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)