ပြည်ခရိုင်၏ဈေးငြိမ်နေသောဆန်စပါးဈေးကွက်နှင့် Wilmar ကုမ္ပဏီမှ စပါးဝယ်ယူမှု့

Powered by Drupal

    ပြည်ခရိုင်အတွင်းတွင် မှော်ဘီစပါးဈေးမှာ တင်း(၁၀၀)လျှင် ၁၇၄၀၀၀၀ကျပ်၊ ကရင်မ စပါးတင်း(၁၀၀)လျှင်၁၅၆၄၀၀၀ကျပ်၊ ရတနာတိုးစပါး တင်း(၁၀၀)လျှင် ၁၆၅၆၀၀၀ကျပ်၊ ထိုင်းနှံကောက်စပါးတင်း(၁၀၀)လျှင် ၁၇၄၀၀၀၀ကျပ်ဈေးဖြင့် ဈေးရှိသော်လည်း အရောင်းအဝယ် မရှိပါ။

   ဆန်ဈေးများအနေဖြင့် မှော်ဘီဆန်(အဟောင်း)တစ်အိတ်လျှင် ၇၅၀၀၀ကျပ်၊ ကရင်မဆန် တစ်အိတ်လျှင် ၇၀၀၀၀ကျပ်၊ ဆင်းသွယ်တစ်အိတ်လျှင် ၇၂၀၀၀ကျပ်၊ ကျောက်ရွေးဆန် တစ်အိတ်လျှင် ၇၅၀၀၀ကျပ် ဈေးဖြင့်အရောင်းအဝယ်ရှိပြီး နွေစပါးမှာပြည်ခရိုင်တွင် အနည်းငယ် သာ ထွက်ရှိမှုရှိသော် လည်း နွေဆန်များအနေဖြင့် အင်းမဆန်(အသစ်)တစ်အိတ်လျှင် ၆၅၀၀၀ကျပ်၊ ကရင်မဆန် တစ်အိတ် လျှင် ၅၄၀၀၀ကျပ်၊ ဆင်းသွယ်ဆန်သစ်တစ်အိတ်လျှင် ၅၃၀၀၀ကျပ်၊ ရိုးနီသစ်တစ်အိတ်လျှင် ၉၅၀၀၀ကျပ်၊ မှော်ဘီဆန်အသစ်တစ်အိတ်လျှင် ၇၂၀၀၀ကျပ်၊ ရတနာတိုးဆန်သစ်တစ်အိတ်လျှင် ၅၃၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိနေပါသည်။

   ယခုအချိန်ရှိနွေစပါးဈေးမှာ (၄၆)ပေါင်တင်း(၁၀၀)လျှင် ၁၂၄၂၀၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ရှိရာ ပြည်ခရိုင်အတွင်းတွင် Wilmar ကုမ္ပဏီမှ တောင်သူများထံမှ လာရောက် ဝယ်ယူပေး လျှက်ရှိရာ စပါးဝယ်ယူရရှိမှုတင်းမှာ (၁၆.၅.၂၀၂၅)နေ့ထိ ၇၈၅၀တင်းရှိပါသည်။ ယခုလအတွင်း ပြည်ခရိုင်မှ မကွေးတိုင်းသို့ ဆန်အိတ် ၁၀၀၀ခန့် တောင်ကြီးသို့ ၂၅၀၀အိတ် တင်ပို့ရောင်းချနိုင်ပြီး မန္တလေးတိုင်းမှ ပြည်ခရိုင်သို့ ၁၅၉အိတ် ဝင်ရောက်မှုရှိပါသည်။

DOCA(ပဲခူး)