ပြည်ကုန်စည်ဒိုင်တွင်အရောင်းအဝယ်ဖြစ်သောပဲမျိုးစုံဈေးနှုန်းနှိုင်းယှဉ်ချက်

Powered by Drupal

    ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ရောင်းဝယ်လျှက်ရှိသော ပဲများမှာ မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ စသည့်ပဲများကို အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

     ယခုအပတ်ဖြစ်သော မေလဒုတိယပတ်တွင် ရောင်းဝယ်လျှက်ရှိသော ပဲမျိုးစုံဈေးများမှာ မတ်ပဲ ပိဿာ(၂၀)ဝင်တစ်အိတ်လျှင် ၉၇၀၀၀-၉၇၅၀၀ကျပ်၊ ပဲစင်းငုံ ပိဿာ(၂၀)ဝင်တစ်အိတ်လျှင် ၉၂၀၀၀-၉၂၅၀၀ကျပ်၊ ကုလားပဲ(ဟော်လန်) ပိဿာ(၂၀)ဝင်တစ်အိတ်လျှင် ၈၅၀၀၀-၈၆၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) ပိဿာ(၂၀)ဝင်တစ်အိတ်လျှင် ၉၄၀၀၀-၉၅၀၀၀ကျပ်၊ ပဲကြီး(ရွှေကျွန်း) ပိဿာ(၂၀)ဝင် တစ်အိတ်လျှင် ၈၆၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ) ပိဿာ(၂၀)ဝင်တစ်အိတ်လျှင် ၇၈၀၀၀ကျပ်၊ ဘိုကိတ်ပဲ ပိဿာ(၂၀)ဝင်တစ်အိတ်လျှင် ၇၀၀၀၀-၇၁၀၀၀ကျပ်၊ စားတော်ပဲ(ကျွန်း) ပိဿာ(၂၀)ဝင်တစ်အိတ်လျှင် ၁၅၅၀၀၀ကျပ်၊ မြေပဲဆီဆန်(အဖြူ)တစ်ပိဿာလျှင် ၈၉၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင်၈၇၀၀ကျပ်၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၉၂၀၀ကျပ်၊ လုံးဆန် (အနီ)တစ်ပိဿာလျှင် ၈၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

          ယခင်ဧပြီလကုန်ပတ်တွင်ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးများနှင့် နှိုင်းယှဉ်လျှင် မတ်ပဲတစ်အိတ် လျှင် ၁၅၀၀ကျပ်၊ ပဲစင်းငုံတစ်အိတ်လျှင် ၁၀၀၀ကျပ်၊ ကုလားပဲဟော်လန်တစ်အိတ်လျှင် ၁၀၀၀ကျပ်၊ မြကြေးမှုံတစ်အိတ်လျှင် ၁၀၀၀ကျပ်၊ ပဲကြီး(ရွှေကျွန်း)တစ်အိတ်လျှင် ၂၀၀၀ကျပ်၊ စားတော်ပဲ(ကျွန်း) တစ်အိတ်လျှင် ၁၅၀၀ကျပ်၊ မြေပဲဆန် ဆီဆန်(အဖြူ)တစ်ပိဿာလျှင် ၄၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၃၀၀ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် ၂၀၀ကျပ်ဖြင့် ယခုမေလ ဒုတိယပတ်တွင် ဈေးများမြင့်လာ ကြောင်း သိရပါသည်။

DOCA(ပဲခူး)