ရွှေတောင်မြို့နယ်၏ကြက်ဟင်းခါးစိုက်ပျိုးခြင်း

Powered by Drupal

    ပြည်ခရိုင်၊ ရွှေတောင်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာနေ တောင်သူဦးမျိုး၏ ကြက်ဟင်းခါး စိုက်ခင်းအား (၁၉.၅.၂၀၂၅)နေ့တွင် သွား‌ရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ထိုတောင်သူမှ ကြက်ဟင်းခါးမျိုး (၃)ထုတ် စိုက်ပျိုးထား ရှိပြီး မျိုး(၁)ထုတ်လျှင် မျိုးစေ့(၁၀၀)ကျော်ပါသည့် မျိုးစေ့ (၃၀၀)ကျော်ကို အစို့ဖောက် ၍စိုက်ပျိုး ကြောင်း သိရှိရပါသည်။ စိုက်ပျိုးပြီး မြေဩဇာကျွေးခြင်း၊ ရေလောင်းခြင်းများ ပြုလုပ်ရပြီး ကြက်ဟင်းခါး သီးစိုက်ပျိုးပြီး (၂)လခွဲကြာလျှင်ခူးဆွတ်ရောင်းချလို့ရပါသည်။ ပိုးကျနည်းပြီး ပျက်စီးမှုနည်း လျှင် (၃)လ၊ (၃)လခွဲအထိ ခူးဆွတ်ရသည်။ (၃)ရက် (၁)ခါခူးရပြီး ဈေးနှုန်းမှာ တစ်လုံးကို (၁၅၀) ကျပ်ဖြင့် ဒိုင်မှ လာရောက်ဝယ်ယူပြီး ရန်ကုန်သို့တင်ပို့ကြောင်း သိရပါသည်။ ကုန်ကျစရိတ်မှာ ဝါးစဉ်၊ မျိုးဖိုး၊ ပိုးသတ်ဈေးဖြန်းခြင်းစသည့် ကုန်ကျစရိတ် စုစုပေါင်း (၅)သိန်းခန့် ရှိပြီး သီးနှံရောင်းရငွေ (၇)သိန်းခန့် ရသည်ဟု ခန့်မှန်းကြောင်း၊ အကျိုးအကြောင်းအားဖြင့် (၂)သိန်း ရရှိကြောင်း သိရပါ သည်။

DOCA(ပဲခူး)