မင်းလှမြို့နယ်ရှိ ကြက်ဥ/ဘဲဥ ဈေးနှုန်းများ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း မေလဒုတိယပတ်တွင် ဖြစ်ပေါ် နေသော မြို့မဈေးအတွင်း နေ့စဉ်လက်လီရောင်းဝယ်နေသော ကြက်ဥ/ ဘဲဥအရောင်းဈေးနှုန်းများ မှာ ကြက်ဥ (အကြီး) တစ်လုံးလျှင် ၄၈၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၄၇၀ ကျပ်၊ အသေးတစ်လုံးလျှင် ၄၅၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ဘဲဥဈေးနှုန်းများမှာ (အကြီး) ၆၅၀ ကျပ်၊ (အလတ်) ၆၀၀ ကျပ်၊ (အသေး) ၅၅၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ တစ်နေ့လျှင် ရောင်းအားအခြေအနေမှာ ၂,၀၀၀ လုံးမှ ၂,၇၀၀ လုံးထိ ‌ရောင်းချပြီး အရောင်းအဝယ်အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)