ပေါ်ဦးပေါ်ဖျားတောက်တာဖူးဈေးကွက်

Powered by Drupal

   ပြည်ဈေးကွက်သို့(၂၀၂၅)ခုနှစ်၊ မေလလယ်တွင် တောက်တာဖူးများ စတင်ဝင်ရောက်လာ ပါသည်။ ပေါ်ဦးပေါ်ဖျား ဖြစ်၍တစ်စည်းလျှင် (၂)ဖူးသာပါရှိပြီး အစည်းအနည်းငယ်သာ အဝင်ရှိ သည်။ တောက်တာ ဖူးများကိုရွှေတောင်၊ ကြို့ကုန်းရေနံမြေနှင့် ပြည်အနီး တဝိုက်ရှိကျေးရွာများမှ ဝင်‌ရောက်လျက်ရှိသည်။ တောက်တာဖူးမှာ အလေ့ကျပေါက်သည့်အပင်မှ ထွက်ရှိပြီး တစ်နှစ်မှသာတစ်ခါပေါ်သည့်ရာသီစာသီးနှံ ဖြစ်၍ပေါ်ကာစတွင် ၂ဖူးဝါတစ်စည်းလျှင် ကျပ်(၃၀၀-၄၀၀)နှုန်းဖြင့်ရောင်းချလျက်ရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)