ပြည်ဈေးကွက်၌ကြက်သွန်နီဈေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

     ယခုမေလလယ်ခန့်တွင် ပြည်ဈေးကွက်သို့ မကွေးတိုင်း၊ မန္တလေးတိုင်းဘက်မှ ကြက်သွန်နီ များ အဝင်များလျက်ရှိပြီး အောင်လံ၊ တောင်တွင်း၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းစတဲ့နယ်များမှ တစ်ရက်လျှင် ပိဿာချိန် (၁၃၀၀၀၀)ခန့် အဝင်ရှိနေပြီးအရောင်းအဝယ်အနေဖြင့် ပုံမှန် ဝယ်လက် များဖြင့် သာရောင်းဝယ်မှုရှိနေ၍ ပွဲရုံများတွင် ကုန်ပစ္စည်း လက်ကျန်များ နေကြောင်းသိရ သည်။ ဈေးနှုန်းအနေဖြင့် ယခင်ဧပြီလနှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာကို ကျပ်(၄၀၀)နှုန်းခန့်ကျဆင်းသွား ပြီး ပွဲရုံလက်ကား ဈေးသာကျဆင်း၍ လက်လီဝယ်ရောင်းသမားများအနေဖြင့် ယခင်အမြင့်ဈေးနှင့် ဝယ်ယူထားသဖြင့် လက်လီဈေးမှာ မကျဘဲ ပုံမှန်ဈေးဖြင့်သာရောင်းဝယ်မှုရှိနေသည်။ ပွဲရုံလက်ကား ဈေး မှာကြီး/လတ်/သေး  ကျပ် ၁၄၀၀/၁၅၀၀-၁၆၀၀/၁၇၀၀နှုန်းတို့ရှိပြီး လက်လီဈေးမှာ ကျပ်၁၈၀၀/ ၁၉၀၀ - ၂၀၀၀/၂၁၀၀နှုန်းတို့ဖြင့်အသီးသီးရောင်းဝယ်မှုရှိနေကြောင်းသိရပါသည်။

DOCA(ပဲခူး)