အခြေခံစားကုန်ဈေးနှုန်းဈေးကွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖို့မြို့နယ် ၂၀၂၅ခုနှစ်မေလတတိယပတ်မှစ၍ သာယာဝတီခရိုင် အုတ်ဖိုမြို့မဈေးကြီးအတွင်း ရောင်းဝယ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းဈေးများမှာ ကြက်သွန်နီ တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ရှမ်းမွှ(ကြက်သွန်ဖြူ) တစ်ပိဿာ ၁၀၀၀ကျပ်၊ငရုတ်သီးခြောက်(ရှည်) တစ်ပိဿာ ၁၂၀၀၀ကျပ်၊အာလူး တစ်ပိဿာ၄၅၀၀ကျပ်၊မြေပဲဆံ တစ်ပိဿာ ၉၄၀၀ ကျပ်၊ကုလားပဲခြမ်း တစ်ပိဿာ ၆၅၀၀ ကျပ်၊ချင်း(အတက်)တစ်ပိဿာ ၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

     ရန်ကုန်ပွဲရုံများမှ ဝယ်ယူရောင်းချကြပြီး ဈေးနှုန်းအတက်အကျ မရှိသေးကြောင်း စုံစမ်းသိရှိရပါသည်။ငါးခြောက်ဈေးကွက်အနေဖြင့် မိုးရာသီစတင်ဝင်ရောက်လာပြီဖြစ်၍ သီးနှံသားငါးများ ပေါများလာသဖြင့် အရောင်းအဝယ်အနည်းငယ် အေးနေကြောင်း ငါးအသားကြီးခြောက် တစ်ပိဿာ ၄၅၀၀၀ကျပ်၊ ငါးတံခွန် တစ်ပိဿာ၂၅၀၀၀ကျပ်၊ ငါးပုတ်သင် တစ်ပိဿာ ၅၀၀၀၀ကျပ်၊ ငါးနီတူ တစ်ပိဿာ ၂၅၀၀၀ကျပ်၊ငါးပုလွေခြောက်ပြား တစ်ပိဿာ ၃၅၀၀၀ကျပ်၊ငါးမန်းကလိန်ခြောက် တစ်ပိဿာ ၄၅၀၀၀ ကျပ်၊ ပုဇွန်ခြောက်(ရှယ်) တစ်ပိဿာ ၁၆၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)