ရှမ်း (တောင်) ဒေသထွက် ပြောင်းသီးနှံ ဈေးနှုန်း၊ ဈေးကွက် အခြေအနေ

Powered by Drupal

       ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ပြောင်းသီးနှံကို မိုးပြောင်းနှင့် ဆောင်းပြောင်း ဟူ၍ ကာလခွဲပြီး တောင်ကြီး၊ ဟိုပုံး၊ ရပ်စောက်၊ ပင်းတယနှင့် ရွာငံဒေသများတွင် အဓိကထားစိုက် ပျိုးကြပါသည်။ မိုးပြောင်းသီးနှံကို မြေအစိုဓာတ်စတင်ရရှိချိန်ဖြစ်သော ဧပြီလနှင့် ဇွန်လအထိ မိုး ရာသီများတွင် စိုက်ပျိုးကြပါသည်။ ဆောင်းပြောင်းသီးနှံကို မြေအစိုဓာတ်မကုန်ခင် အောက်တိုဘာလ နှင့်နိုဝင်ဘာလအထိ ဆောင်းရာသီများတွင် စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် ဆောင်းပြောင်းလက် ကျန်ပါးလာသဖြင့် ဈေးကွက်အဝင်နည်းလာပြီး တစ်ပိဿာလျှင် ၁,၅၀၀ ကျပ် ဈေးရှိနေသော်လည်း  တောင်သူများ စုဆောင်းသိုလှောင်၍ ဈေးစောင့်ဆိုင်းနေပြီး ကုန်သည်များဈေးခေါ်နေမှုတို့ကြောင့် ဈေးပိုလာနိုင်ကြောင်းကို ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA (ရှမ်း)