“အေးသာမြို့ဈေးရှိ ကြက်သွန်ဖြူအသစ် ဈေးကွက်”

Powered by Drupal

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်တွင် ကြက်သွန်ဖြူဈေးကွက်သို့   ဒေသတွင်း စိုက်ပျိုးကြသော တောင်ကြီး၊ အောင်ပန်း၊ ပင်လောင်း၊ မိုင်းပန်၊ ဟိုပုံးဒေသများမှ ထွက်ရှိသည့် ကြက်သွန်ဖြူ(အစို အသစ်)များ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ခုနှစ်၊ မတ်လ(တတိယပတ်)တွင် ကြက်သွန်ဖြူ(အစို အသစ်)ဈေးနှုန်းမှာ လက်ကားဈေး ထူး(၁) တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ထူး(၂) တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ ထူး(၃) တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ထူး(၄)တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ထူး(၅)တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ထူးလွန် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်နှင့် ကြူကုတ်အသစ် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လက်လီဈေးအနေဖြင့်လည်း ကျုံးချိန် တစ်ပိဿာလျှင် (၈၀၀၀ မှ 10000)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)