ကျွန်းလှမြို့ရှိကုန်စုံဆိုင်များ၌ ရောင်းချနေသော ထန်းလျက်ဈေးနှုန်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကျွန်းလှမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ထန်းလျက်သည် ထန်းပင်မှရရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ထန်းလျက်ကို အစားအသောက်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ စတုတ္ထပတ်တွင်ရောင်းချနေသောထန်းလျက်ဈေးနှုန်းမှာ ပန်ထန်းလျက်တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ရိုးရိုးထန်းလျက်တစ်ပိဿာလျှင် (၆၂၀၀)ကျပ်နှင့် စမုံထန်လျက်အသေး (၁)ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)