ကျွန်းလှမြို့နယ်၌ ကောက်ရိုးမှိုစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများနှင့် စားသောက်ကုန်ပစ္စည်းများရောင်းချလျက်ရှိရာ ယခုအခါ တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုများ စိုက်ပျိုးရောင်းချနေကြောင်း သိရသည်။

   ကောက်ရိုးမှိုများကို စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ်ဘောင်လျှင်(၁၀)ပိဿာထိ ခူးဆွတ်ရကြောင်း၊ ဈေးကွက်အတွင်း  ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၁၁၅၀၀)ကျပ် လက်ကားဈေး(၁၁၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ် ရောင်းချရသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)