ရွှေဘိုခရိုင် ပေါ်ဦးပေါ်ဖျား နွေစပါး ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

         ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်တွင် နွေစပါးအမျိုးအစားအလိုက် (၁၀၀၇၅၂)ဧက စိုက်ပျိုးပြီး ၂၀၂၂ ဇွန်လကုန်အထိ  နွေစပါး အမျိုးအစားအလိုက် ရေဦးမြို့နယ်တွင် (၇၆၈၀)ဧက၊ တန့်ဆည်မြို့နယ်တွင် (၂၅၄၅)ဧက၊ ဒီပဲယင်းမြို့နယ်တွင် (၄၃၁၀)ဧကနှင့် ကျောက်မြောင်း မြို့နယ်တွင် (၆၃)ဧက  စုစုပေါင်း (၁၄၅၉၈)ဧက (၁၅)ရာခိုင်နှုန်းခန့် ရိတ်သိမ်းပြီးစီး၍ အထွက်နှုန်းအနေဖြင့် တစ်ဧကလျင်  ၈၃.၈၃တင်းနှုန်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

          ရွှေဘိုခရိုင်အတွင်း ၂၀၂၁-၂၀၂၂နွေစပါး ပေါ်ချိန် ပေါက်ဈေးမှာ ရွှေဝါထွန်း စပါး တင်း၁၀၀လျှင် ၆၅၀၀၀၀ကျပ်၊ (၇၄၇)စပါး တင်း၁၀၀လျှင် ၆၇၀၀၀၀ကျပ်ရှိပြီး ၊ ရွှေဝါထွန်းဆန် စက်ကျ (၁၁၁)ပေါင်ဝင် အိတ်တစ်အိတ်လျှင် (၂၉၀၀၀)ကျပ်၊ ၇၄၇ဆန် စက်ကျ (၁၁၁)ပေါင်ဝင် အိတ်တစ်အိတ်လျှင် (၂၉၀၀၀)ကျပ်ဖြင့် မန္တလေးမြို့သို့ အဓိကထား၍ ပေးပို့လျက်ရှိပြီး မကွေးမြို့၊ ချောက်မြို့ ၊ ညောင်ဦးမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ယခုလက်ရှိအခြေအနေမှာ ဆန်ဈေး၊ စပါးဈေးအေးနေ၍ အရောင်းအဝယ်မှာလည်း ပုံမှန်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)