ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးအပါအဝင် ဦးကျော်ခိုင်(ဦးစီးအရာရှိ)၊စစ်ဆေးရေးအရာရှိ(၂)နှင့် ဝန်ထမ်း(၂)ဦးတို့သည်  ကျောက်တံတား ခရိုင်၊ လမ်းမတော်မြို့နယ်၊ ညောင်ပင်လေးဈေးမှ ဦးလှမြင့်(ကုန်စုံဆိုင်)နှင့် ဒေါ်တင်တင်ကြိုင် (ကုန်စုံဆိုင်)တို့အား ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြိး ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်း စစ်ဆေးအသိပညာပေးမှုအား ၂၂.၄.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှု များအား ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် ဆီအသင်းမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ် များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)