ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်းဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

          ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများလည်း စိုက်ပျိုးကြကြောင်းသိရသည်။

         ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၂၄၂၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၄၀၀၀)ကျပ်ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခုပတ်အတွင်း အစေ့ထုတ်ပြောင်းဈေးနှုန်း ပြန်လည်မြင့်တက်လာ ကြောင်း၊ အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)