
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်ကြောင်း သိရသည်။
ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိကြောင်း ဈေးနှုန်းအနေဖြင့် ဧပြီလ နောက်ဆုံးပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၅၀၀၀ကျပ်၊ ပဲစဉ်းငုံဖြူ (၁)တင်းလျှင် ၈၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲစဉ်းငုံ(၁)တင်းလျှင် ၂၀၀၀ကျပ်ကျဆင်းသွားကြောင်း ၊ ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)