
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၅၁၈)၊ ပတ္တမြားလမ်း၊ စက်မှုဇုန်(၅)၊ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)ရှိ ပန်းသဇင် မုန့်လုပ်ငန်းသို့ (၂၉.၄.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၁၅)အချိန်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စေင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောင်မှ ပူးပေါင်းပါဝင်လျက် ရောင်းချလျက်ရှိသော ပန်းသဇင်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော အုန်းသီးကိတ်၊ ဘီစကစ်ကိတ်ခြောက်တို့ဖြစ်ပြီး ကုန်ပစ္စည်းအားလုံးတွင် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်း အမှတ်အသား ဖော်ပြ ခြင်းဆိုင်ရာအချက်များနှင့်ကိုက်ညီမှုရှိခြင်း သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များ လည်းပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များကို ပြောကြာခဲ့ကြောင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)