ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲနီသီးနှံဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲနီသီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်း ကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ် ဧပြီလ နောက်ဆုံးပတ်အတွင်း ပဲနီတစ်တင်းလျှင် (၇၉၀၀၀)ကျပ်၊ အကွဲ အနာပါ(၁)တင်းလျှင် (၇၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ် ဈေးနှုန်း များနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲနီ(၁)တင်းလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)