ပန်းတနော် ရေနက်ကွင်းမှ ပြည်ပပို့ကုန် များထုတ်လုပ်

Powered by Drupal

     ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဘုရားကျောင်းရေနက်ကွင်းအနီးတွင် ငါးမွေးမြူခြင်း၊ စပါးစိုက်ပျိုးခြင်းတို့ကို နိုင်ငံတော်ခွင့်ပြုချက်များရယူ၍ ၁၉၉၈ခုနှစ်ကတည်းက စတင်းလုပ်ကိုင်ဆောင်ရွက်ခဲ့ ကြောင်း ဦးဌေးမြင့် ယုဇန ကုမ္ပဏီမှ Global Earth Agro & Aqua Industry Public Co., Ltd. (GEAAI) အမည်ပြောင်း ကာ စီမံကိန်းဆောင်ရွက်နေသည့် နေရာတွင် မိရိုးဖလာနည်းဖြင့် ငါးမွေးမြူရေးလုပ်ငန်းကို ၂၀၀၂ ခုနှစ်မှစ၍ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

     Global Earth Agro & Aqua Industry Public Co., Ltd. (GEAAI) သည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် တည်ရှိပြီး ရေချိုငါး(ငါးတန်) မွေးမြူရေးကို စုစုပေါင်းဧက (၉၈၀)အနက် မြေသားကန် (၄၀၃)ဧကတွင် အကောင်ရေ (၇၃၀၀၀၀၀)ကို လက်ရှိ မွေးမြူလျက်ရှိကြောင်း၊ ၂၀၂၄ - ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ - ခုနှစ် ဒီဇင်ဘာလအထိ ရေချိုငါး (၇၃၀၀) တန်မွေးမြူထုတ်လုပ်နိုင်ခဲ့ပြီး မွေးမြူဧက(၄၀၃)ဧကရှိပြီး (၁)ဧက ထုတ်လုပ်မှုမှာ (၁၈.၁၁)တန်ထုတ်လုပ်နိုင်ခဲ့ကြောင်း ဆက်လက်၍ ၂၀၂၅ခုနှစ် တွင်လဲ မွေးမြူထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

     ငါးမွေးစတီးကန် ၉၀အနက် ၂၆ကန်တွင် တစ်ကန်လျှင် ငါးတန် ကောင်ရေ ၈၀၀၀၀မွေးမြူထားရာ ၂၆ကန်တွင် ငါးကောင်ရေ သိန်း၂၀ကျော်မွေးမြူထားသည်ဟုသိရသည်။ တစ်ကန်လျှင် အကောင်ရေ ၈၀၀၀၀မှ ၁၃၀၀၀၀ကျော်ထိ မွေးမြူနိုင်အောင် တိုးချဲ့သွားမည်ဟုသိရသည်၊၊

     ၂၀၂၄ ဘဏ္ဍာနှစ်ပြည်တွင်းစားသုံးရန် ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ငါးတန်ပိဿာချိန် ၇၃၀၀၀ ပိဿာ တင်ပို့ရောင်းချနိုင်ပြီး ငါးတန်တစ်ပိဿာကို ၄၅၀၀-၅၀၀၀ကျပ် ဈေး ရရှိ၍ တွက်ချေကိုက်မှုရှိသည့်အပြင်  ငါးတန် ၈၀/၉၀ ကျပ်သား အရွယ်ရှိ ငါးများကို ရန်ကုန်ဈေးကွက်မှာ ငါးတန်ခြောက်ပြုလုပ် ရောင်းချ လျက်ရှိသလို  ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိပြီး ပြည်ပမှကြိုက်နှစ်သက်မှုရှိသည့် ဈေးကွက်ဝင် အရည်အသွေး ကောင်းမွန်သော ငါးတန်များကို ငါးအသားလွှာပြုလုပ်၍လည်း ထုတ်လုပ်လျက်ရှိကြောင်း ကုမ္ပဏီငါး မွေးမြူရေး တာဝန်ခံမှ ပြောကြားသည်။ ဆက်လက်၍ ၂၀၂၅ခုနှစ်တွင် င်းတန်း၁ပိဿာ ၈၀၀၀-၉၀၀၀ကျပ် ဈေးပေါက်နေပြီး မတ်လက သဘာဝဘေးဖြစ်ပေါ်မှုကြောင့် ငါးတန်များကို ရန်ကိုတင်ပို့မှု မရှိသေးပဲ သဘာဝဘေးသင့်ဒေသများဖြစ်သော မန္တလေးမြို့ တွင် ငါးလုပ်ငန်းအဖွဲ့ဖြင့် ပူးပေါင်းကာ ပြည်သူများကို သက်သာသောဈေး ငါးတန် ၁ပိဿာ ၇၀၀၀နှုန်းဖြင့် ‌ရောင်း ချပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)