“သန်လျင်မြို့နယ်အတွင်းရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းဆိုင်များသို့ အဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခြင်း”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းများ ရောင်းဝယ်ရေးဆိုင်များတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့အား ဧပြီလ ၂၃ ရက်နေ့၊ နေ့လယ် ၁၁:၀၀ နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း၊ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်ရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးဇာနည်အောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစစ်ကိုအောင် တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးစုရပ်ကွက်ရှိ ဦးလှမြင့် (မိသားစု) အိမ်ဆောက်ပစ္စည်းရောင်းဝယ် ဆိုင်နှင့် ဆောက်လုပ်ရေးပစ္စည်းရောင်းဆိုင်၊ အောင်ချမ်းသာရပ်ကွက်ရှိ တော့ပ်စတား အိမ်ဆောက် ပစ္စည်းရောင်းဝယ်‌ဆိုင်၊ သရဖူအိမ်ဆောက်ပစ္စည်းနှင့် လူသုံးကုန်ုပစ္စည်းအရောင်းဆိုင်နှင့် A to Z အိမ် ဆောက်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်သို့ သွားရောက်၍ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့အား ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံမေးမြန်းစစ်ဆေးခဲ့ရာတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိဘဲ ပုံမှန်ရောင်းချနေ ကြောင်း၊ အိမ်ဆောက်ပစ္စည်းများဖြစ်သည့် သွပ်နှင့် သံပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိဘဲ ပုံမှန်ဈေးအတိုင်း ရောင်းချပေးလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ဘိလပ်မြေများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထား၍ ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာ ပေးဆွေးနွေးခဲ့ပြီး ဈေးကွက်ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA (ရန်ကုန်)