ရွှေပြည်သာမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

(၂၃.၄.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဉီးစီးဌာနမှ ဉီးဆောင်၍ ဉီးမြင့်ဉီး(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မောင်မောင်ဇော်(စခန်းမှူး)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဉီးညွန့်ဝင်း(အုပ်ချုပ်ရေးမှူး)၊ ပြည်တွင်းအခွန်များဉီးစီးဌာနမှ ဉီးသက်ဝေ(မြို့နယ်ဉီးစီးမှူး)၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာနမှ ဉီးဌေးလှိုင်ဖေ(ဒုတိယစုံစမ်းစစ်ဆေးရေးမှူး)၊ စားသုံးသူ ရေးရာဉီးစီးဌာနမှ ဉီးသက်ပိုင်စိုး(အကြီးတန်း စာရေး)တို့ ပူးပေါင်းပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှု များဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ရွှေပြည်သာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ Power၊ နေလ၊ ကျော်မင်း၊ ကိုရာဂျူးနှင့်သားများ စသည့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များသို့ သွားရောက် စစ်ဆေးခဲ့ပြီး ယခုကာလမှာ မန္တလေးမြေငလျင်ကြီးနှင့်နောက်ဆက်တွဲငလျင်များဖြစ်ပွားခဲ့၍ နေအိမ်၊ တိုက်တာအဆောက်အဉီများ၊ ပြိုကျခြင်း၊ ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပွားခဲ့သဖြင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကာလဖြစ်သဖြင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ဝယ်လိုအားမြင့်တက်လျက်ရှိသည့်အလျောက် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ တင်သွင်း၊သိုလှောင်၊ ဖြန့်ဖြူးသည့်လုပ်ငန်းရှင်အနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ပစ္စည်းများရှိသော်လည်း ရောင်းချမှုမရှိခြင်းတို့ ပြုလုပ်ဆောင်ရွက်ခြင်း မရှိစေရန် စိစစ်ကြပ်မတ် မှုများ ပြုလုပ်ခဲ့ပြီး လိုက်နာဆောင်ရွက်မှုမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)