ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီးဈေးနှုန်းများ ကောက်ယူမှုစာရင်း

Powered by Drupal

    ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငရုတ်သီးများ ဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံး ဝင်ရောက်ပြီး ငရုတ်သီးဈေးနှုန်းများမှာ  ၂၄-၄-၂၀၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီးတစ်ပိဿာဈေးနှုန်း ပန်းရဲ (အသစ်) အမြင့်ဆုံးဈေး ကျပ် ၈,၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၇,၅၀၀၊ မြှားနီ (အသစ်) အမြင့်ဆုံးဈေး ကျပ် ၉,၃၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၂၀၀၊ ပန်းရဲ/မြှားနီ/ (AC) အမြင့်ဆုံး ဈေးကျပ် ၈,၅၀၀ မှ အနိမ့်ဆုံးဈေး ၈,၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၉,၀၀၀ မှ အနိမ့် ဆုံးဈေး ကျပ် ၈,၂၀၀၊  ဆင်ဖြူကျွန်း (ပု) သစ် အမြင့်ဆုံးဈေးကျပ် ၁၆,၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၅,၀၀၀၊ မြစ်ဝ (ပု/သစ်)  အမြင့်ဆုံးဈေး ကျပ် ၁၅,၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄,၀၀၀  တို့ အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

   ၂၄-၄-၂၀၂၅ ရက်နေ့ ငရုတ်သီးဈေးနှုန်းများမှာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)