“ကွမ်းခြံကုန်းမြို့နယ်အတွင်းအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်း အမျိုးမျိုး ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစိစစ်ရန် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဧပြီလ (၂၅)ရက်နေ့၊နံနက်(၀၈:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှု များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ ဒုတိယဦးစီးမှူး ဦးအောင်ပြည့်စိုး၊ မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သက်နိုင်စိုး၊ တပ်ကြပ် ဦးအေးလှိုင်၊ တပ်ကြပ် ကျော်ဝင်းအောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဇော်မင်းအေး၊ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့က အိမ်ဆောက်ပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံချောင်း စသည့် အိမ်ဆောက်ရာတွင် အဓိကကျသော ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင်တင် ရောင်းချမှုမရှိစေရေးအတွက် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက် ရတနာပုံ(၁)လမ်းရှိ ဒေါ်ခင်မာဝေ အိမ်ဆောက်ပစ္စည်း အမျိုးမျိုး ရောင်းဝယ် ရေး၊ ဦးရဲမြင့်+ ဒေါ်စန်းရီ အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းဝယ်ရေး၊ ဦးမင်းမင်း+ ဒေါ်ဝါဝါ ရေလုပ်ငန်းသုံးနှင့် အိမ်ဆောက်ပစ္စည်းရောင်းဝယ် ရေး၊ ဈေးပိုင်းရပ်ကွက် သုံးပန်လှလမ်းရှိ ရွှေမေတ္တာ အိမ်ဆောက်ပစ္စည်းနှင့် သင်္ဘောဆေးဆိုင်၊ တောင်ဘက်ပိုင်းရပ်ကွက် စိတ္တသုခလမ်းရှိ မအေးကြည် အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းဝယ်ရေးဆိုင်များသို့ သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။

     အဆိုပါ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ပူးပေါင်းအဖွဲ့များက ပစ္စည်းပြတ်လပ်မှု ရှိ/ မရှိနှင့် ရောင်းဝယ်နေသည့် ဈေးနှုန်းများအား စာရင်းကောက်ယူခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ယခုအချိန်သည် ပွင့်လင်းရာသီဖြစ်သော ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေခြင်းကို အကြောင်းပြ၍ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုလုပ်ရန်၊ သိုလှောင်ထားခြင်းမပြုရန်၊ ဆောက်လုပ်ရေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်တို့ကို ဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)