“ ဆီထွက်သီးနှံမြေပဲ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မိုးစပါးများကို အဓိက စိုက်ပျိုးပြီး မိုးစပါးရိတ်သိမ်းပြီး လယ်ဧကများတွင် ဆောင်းသီးနှံသီးထပ်အဖြစ် ဆီထွက်သီးနှံ မြေပဲကို စိုက်ပျိုးကြရာ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံမြေပဲ စိုက်ဧက(၈၄၅)ဧက အား ဒီဇင်ဘာလမှ စ၍ စိုက်ပျိုးခဲ့ပြီး မတ်လ ပထမပတ်မှစ၍ ထွက်ခဲ့ပြီး (၁)ဧကလျှင် ပျှမ်းမျှတင်း (၅၀မှ၁၀၀) အထိ ထွက်ရှိ၍ အခြားဒေသများသို့ တင်ပို့ရောင်းချခြင်းမရှိဘဲ မြို့နယ်အတွင်းရှိ ဆီစက်များတွင် ဆီကြိတ်ခွဲထုတ်လုပ်၍ စားသုံးကြကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် မြေပဲဆံ (၁)ပိဿာလျှင် (၇၉၀၀ မှ ၈၀၀၀) ကျပ်အထိရှိပြီး မြေပဲအတောင့် (၁)တင်းလျှင် (၃၇၀၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဒေသထွက်မြေပဲများကို ဒေသနေစားသုံးသူများက မြေပဲဆီ၊ မြေပဲဆံအဖြစ် ဝယ်ယူစားသောက်ကြကြောင်း သိရသည်။

DOCA(ရန်ကုန်)