ကန့်ဘလူမြို့နယ်အတွင်းရှိ ဂေါ်ဖီထုတ်(မုံလာထုတ်) ဈေးနှုန်း အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ဂေါ်ဖီထုတ်(မုံလာထုတ်)ကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။ ကန့်ဘလူမြို့ မြို့မဈေးတွင်စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ဂေါ်ဖီထုတ်(မုံလာထုတ်)များကို ယခင်ကာလများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလဖြစ်သည့်  ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများတွင် ဒေသတွင်းလှိုင်လှိုင်ထွက်ရှိသည့် ဂေါ်ဖီထုတ် (မုံလာထုတ်) များကို သာ ဝယ်ယူရောင်းချလျက်ရှိပြီး ဂေါ်ဖီထုတ် (မုံလာထုတ်)ကို ရာသီမရွေး အသုံးပြုခြင်း ဖြစ်သည့်အတွက် ရောင်းအားကောင်းလျက်ရှိပါသည်။‌

ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်တွင်လည်း ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/အသေး ပေါ်မူတည်၍ တစ်ထုတ်လျှင်(၁၀၀၀/၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချကာ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)