“ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးကာကွယ် ရေးအသိပညာပေးဟောပြောပွဲကျင်းပ ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်စည်(သိုမဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းဆိုင်ရာ အချက်များအား သိရှိစေရန် ရည်ရွယ်၍ ဧပြီလ (၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန အနေဖြင့် စားသုံးသူပြည်သူတို့၏ စားသုံးသူအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ပြီး စားသုံးသူကာကွယ်ရေး ဥပဒေတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်သည် ဥပဒေအမှတ် (၉/၂၀၁၉) ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် အတည်ပြု ပြဌာန်းလိုက်ကြောင်း၊ ၎င်းဥပဒေတွင် ဦးစီးဌာနအနေဖြင့် ထုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်များ၊ စားသုံးသူက ကုန်စည်(သိုမဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့် အခွင့်အရေးများအား အကျယ်တဝင့် ဆွေးနွေးပြော ကြားခဲ့ပြီး တက်ရောက်လာကြသည့် ကော့မှူးမြို့နယ်ရပ်ကွက်၊ ကျေးရွာ (၆၂)အုပ်စုမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၏ သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည့် ဆွေးနွေးဟောပြောပွဲသို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)