“တွံတေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို  ဧပြီလ (၂၄)ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

     အဆိုပါ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီ ကျောင်းပိတ်ရက် ကလေးသူငယ်စာဖတ်ဝိုင်း ပြုလုပ်ရာ၌ ကျောင်းသား/ကျောင်းသူ လူငယ်များ အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာ ဗဟုသုတများရစေရန်နှင့် ကုန်စည်များအပေါ်တွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်တို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများဖြစ်သည့် စားသုံးသူ၏ အခြေခံလိုအပ်ချက်များ ပြည်စုံနိုင်စေမှု၊ လုံခြုံစိတ်ချစွာ ဘေးအန္တရာယ်ကင်းရှင်းစေနိုင်မှု၊ သတင်းအချက်အလက် ပြည့်စုံစွာ ရရှိနိုင်စေမှု၊ လွတ်လပ်စွာ ရွေးချယ်နိုင်စေမှု၊ နစ်နာဆုံးရှုံးမှုများအတွက်  ပြောဆိုတင်ပြ ကြားနာနိုင် စေမှုစသည့် စားသုံးသူအခွင့်အရေးပါ အချက်များနှင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၌ ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများအား သေချာဖတ်ရှု့ဝယ်ယူသုံးစွဲသင့်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်မည့် နည်းလမ်းများ စသည့်တို့ကို စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)