
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဒေသအသီးသီးတို့မှ လာရောက်ရောင်းချကြသည့်အတွက် ဒေသထွက် ဘူးသီးများ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ယခု ဧပြီလနောက်ဆုံးအပတ် ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်နေသော ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီးအလုံး(အကြီး)တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ ဘူးသီး(အလတ်)တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၁၅၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)