ကန့်ဘလူမြို့ဒေသထွက် ခံသီးဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

      ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ခံသီးပင်များကို စိုက်ပျိုးကြကြောင်း၊ ခံသီးများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ နောက်ဆုံးအပတ်အတွင်း ခံသီး(၁)ပြည်လျှင် (၂၂၀၀)ကျပ်၊ ခံသီး(၁)ဘူးလျှင်(၃၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ခံသီးများကို သုပ်စားခြင်း၊ ချက်စားခြင်းများပြုလုပ်၍ စားသုံးကြကြောင်း၊ ယခုအခါ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ အချဉ်ပေါင်းအရောင်းဆိုင်များမှ အများဆုံးဝယ်ယူကြသဖြင့် ခံသီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)